Home

Subscribe:
သင့်စည်းစိမ်နဲ့  မာန်မာနကို ခဝါချခဲ့မယ်ဆိုရင် ဒီအိမ်တံခါးကို အသာဟ-ပြီး ကွန်မန့် ပေးနှုတ်ဆက်နိုင်ပါသည်

Monday, February 6, 2012

သံယောဇဉ်ထောင့်ချိုးး......



အရင်အတိုင်းပါပဲ ကြွေသမျှနှင်းတွေမှာ

ငါ့အလွမ်းတွေသိပ်သိပ် သည်းသည်းပါလိမ့်မယ်

နင်ရှိမနေတဲ့ ဆောင်းရာသီဆိုတာ

ငါ့အတွက် ဆွေးနင့်နင့်၇ာသီ ပဲပေါ့

မနွေးထွေးရင်နေပါ......အဝေးမပြေးရင်ပဲ

ငါ.........ဖြေသာပါတယ်

အတိတ် ခါးခါး

အ၇ိပ် ခါးခါး

နာကျင်ခြင်းတွေခါးသက်သက်........

တအားဖက်တွယ်မိသမျှ မြတ်နိးခြင်းတွေအားလုံး

အကြိမ်ကြိမ် ဆုံးရှုံး၇ဖန်များလာတော့

ငါ့နှလုံးသား အခါခါဇာတ်နာခဲ့ဖူးပါရဲ့

ဒါတောင် အမှတ်မရှိတဲ့ငါ့နှလုံးသားက

နင့်ကို မက်မောတောင့်တနေမိသေး.......

နားလည်ပြီးသားပါလေ.......

မာယာတွေ ၇စ်သိုင်းထားတဲ့လောကဓံမှာ

ခံစားတတ်တဲ့ လူသားမှန်ရင်

ဘယ်သူမှ ဒဏ်ရာနဲ့မကင်းဖူးပါဘူး....

ဝေးရမယ်ဆိုတာသေချာရင်တောင်

နောက်ဆုံးမခွဲခင်အချိန်လေးအထိ နင့်လက်ကို

မြဲမြဲဆုပ်ကိုင်ထားချင်သေးတာ ငါ့ရူးသွပ်မှုတစ်ခုလား..........?

ပြိုင်မျဥ်းတွေဖြစ်၇တိုင်း ဆုံမှတ်မရှိ၇ဘူး

ဘယ်လိုပြောသလဲ....?

နင့်အတွက်သီးသန့် သံယောဇဉ်ထောင့်ချိုးလေးတစ်ခု

ငါ့မှာရှိတယ်.....အဲဒါဝှက်ဖဲတစ်ချပ်ပေါ့

ရှူးးးးးးတိုးတိုး....ဘယ်သူ့မှမပြောနဲ့

ငါတို့ကိုခွဲပစ်မယ့် ကံကြမ္မာကြီးကြားသွားလိမ့်မယ်.......

..........................

လိပ်ကလေး

၁၀ နာ၇ီ ၅၄ မိနစ်.....

၂ ဒီဇင်ဘာ ၂၀၁၁


ချစ်သူသက်တမ်း ၈ လပြည့် အမှတ်တ၇......