Home

Subscribe:
သင့်စည်းစိမ်နဲ့  မာန်မာနကို ခဝါချခဲ့မယ်ဆိုရင် ဒီအိမ်တံခါးကို အသာဟ-ပြီး ကွန်မန့် ပေးနှုတ်ဆက်နိုင်ပါသည်

Thursday, January 12, 2012

အလွမ်းနဲ့ ငွေ့ ရည်ဖွဲ့ တဲ့...မိုး

အလွမ်းနဲ့ ငွေ့ ရည်ဖွဲ့ တဲ့...မိုး


နှလုံးသားနဲ့ ခူးခဲ့ပေမဲ့

မဦးခဲ့တဲ့ အချစ်ဆိုတဲ့ ပန်းတစ်ပွင့်

မပျော်ရဖူးသေးတဲ့

မနက်ဖြန်တွေအကြောင်း.....တွေးမိရင်

ငါ့ရင်မှာ

မိုးရာသီနေ့ ရက်တွေပဲ တဖြုတ်ဖြုတ်ကြွေနေခဲ့တယ်

တစ်ဘဝစာ နားလည်မှုဆိုတာ

လွမ်းဆွတ်ခြင်းလို့ များ ကြိုသိခဲ့ရင်

ငါ့နှလုံးသားကို.....ငါ

လောင်းကြေးထပ်မိမှာ မဟုတ်ဘူး

အခုတော့လေ .....

နှလုံးသားက ချစ်ရသမျှ

အလွမ်းတွေ သဲသဲမဲမဲရွာတယ်။

ပြိုသမျှ....မိုး

ချစ်သမျှ....လွမ်း

မှန်းသမျှ တမ်းတမိရင်

ငါ့ရင်တခုလုံး

အလွမ်းတွေနဲ့ ရွှဲရွှဲစိုတယ်။

လွမ်းလိုက်တာ..... ကိုကိုရယ်

အေးစက်တဲ့ မိုးညတွေမှာ

အဝေးက စိတ်ကူးယဉ်ရုံ ... ရင်ငွေ့ နွေးနွေးနဲ့ 

ညီမလေးတို့  အပြန်အလှန်နွေးထွေးဖူးတယ်။

စိမ်းသက်တဲ့ ကိုကိုရဲ့ နေ့ ရက်တချို့ မှာ

မြတ်နိုးနွေးထွေးတဲ့ ကြင်နာမှုတွေနဲ့ 

ညီမလေးတို့  အပြန်အလှန် အားပေးဖူးတယ်။

ဝေးနေသမျှ........လွမ်း

ဆွေးမိသမျှ.....မှန်းပြီး ကြင်နာနေရ ။

ကြင်နာခြင်း ကောင်းကင်မှာ

မြတ်နိုးမှု တိမ်တိုက်တွေ

စိုးမိုးနေသမျှ .....

အလွမ်းတွေ .....ငွေ့ ရည်ဖွဲ့ တဲ့ မိုးနဲ့ 

ချစ်သူရဲ့ ဘဝတခုလုံး

စိမ်းလန်းအေးမြ ရှင်သန်ပါစေသား။ ။

0 comments:

Post a Comment