Home

Subscribe:
သင့်စည်းစိမ်နဲ့  မာန်မာနကို ခဝါချခဲ့မယ်ဆိုရင် ဒီအိမ်တံခါးကို အသာဟ-ပြီး ကွန်မန့် ပေးနှုတ်ဆက်နိုင်ပါသည်

Thursday, January 12, 2012

ခရစ်စမတ်မွေးနေ့ ရှင်အတွက် ဆုတောင်းခြင်း (လိပ်ကလေးမွေးနေ့ )

မြူနှင်းတွေမှုန် လူချင်းဆုံဖို့ 
ဝေးနေကြပေမယ့်………..
ရင်ထဲကဆောင်းရာသီမှာ

စိတ်ကူးယဉ်ရုံ
နှလုံးသားချင်း ထွေးပွေ့ ယင်းနဲ့ 
ချစ်သူမွေးနေ့ ရောက်တော့မှာလို့ 

တစ်ချိန်က......
မျှော်လင့်ခဲ့ဖူးတယ်။

ပြီးခဲ့သမျှ ဒီဇင်ဘာတွေထဲမှာ
ဘယ်လိုကျန်ခဲ့သလဲ မသိခဲ့ပေမယ့်
ဒီနှစ် ဒီဇင်ဘာကစပြီး မျှော်လင့်ချက်လှလှကလေးတွေနဲ့
ဒီရင်နှစ်လွှာ ကမ္ဘာတည်ဖို့ 

ကျွန်တော်ရည်ရွယ်မိပါပြီ...............
အပီအပြင်သာ ပြောလိုက်ရရင်
ချစ်သူမွေးနေ့ ဆိုတာ.......

ဆောင်းရာသီလေးလိုအေးချမ်းဖြူစင်တဲ့

ကျွန်တော့်ချစ်သူဆိုတာ ..........
လိပ်ကလေးပါ......:)

ဒီနေ့ ဒီရက် ဒီအချိန်ခါ
ဒီဇင်ဘာ ၂၅ မှာ
မွေးနေ့ ရှင်အား
တောင်းဆုမေတ္တာပို့ သရလျှင် -
ဖြစ်လေရာမှာ စိတ်ချမ်းသာ - ဗုဒ္ဓဘာသာ ဖြစ်ပါစေ။
မိခင် ၊ဖခင် ကျေးဇူးရှင်အား - ကျေးဇူးဆပ်ခွင့်ရပါစေ ။
ဗုဒ္ဓတရား နေ့ တိုင်းပွါး၍ - မဂ္ဂင်လမ်းသို့ ရောက်ပါစေ။
ကျေးဇူးပြုဖူး သူတထူးအား - ပြန်လည်ဆပ်ခွင့်ရပါစေ။
ချစ်ခင်+စုံဖက် ထိုနှစ်ချက် - ပြီးပြည့်စုံခြင်း ရှိပါစေ။


ကိုကို

ဒီပို့စ်လေးကိုလာရောက်ဖတ်ရှုအားပေးကြသောဖော်အဲဗားသူငယ်ချင်းများအပေါင်းတို့အတွက်မွေးနေ့ပွဲ

အကျွေးအမွေးလေးဧည့်ခံပါရစေနော်..........


ဘူဖေးစနစ်ပါဗျာ......ကြိုက်ရာ ယူစားပေါ့......




ဒါကယိုးဒယားပုဇွန်ချဉ်စပ်ပါ ဒါက အစိမ်းကြော်

နောက်တစ်မျိုးကမြန်မာအစားစာကြိုက်သူများအတွက်ပါမုန့်ဟင်းခါးနော်.လက်ဖက်သုတ်



နှစ်သက်ရာကော်ဖီခွက်ကိုယူနိုင်ပါတယ်ခင်ဗျာ....

ဒါကအအေးကြိုက်သူများအတွက်သစ်သီးဖျော်ရည်နဲ့ မုန့်တွေပေါ့

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ.....

............................................................................................

မောင်နိုင်

ရေစက်ဘဲလား ညီမလေးရေ

နှင်းမှုံမြူကြား သူကားဖွားမြင်

ဘုရားသခင် ရဲ့ သမီးလေးပင်လား

ရင်မှာချမ်းမြေ့ ခင်မင်ငွေ့ ဝေ

တွေ့ လဲ မတွေ့  ကြားလဲမကြား

ဒါပေမဲ့ တသားထဲလိုပါဘဲလေ

မင်းကိုတအားခင်နေပါသည်

စိတ်ဆိုတာနယူတန်နိယာမသုံးလို

တန်ပြန်ပြုံးပြ နေတဲ့ လိပ်ကလေးရေ

အတိတ်ဝေးဆီက တော်ခဲ့ ဘူးလား

မျှော်ရည်လွမ်းဝေ့  မင်းမွေးနေ့ မှာ

ချစ်သူနဲ့ တွဲ ပျော်၇ွှင်နွဲစေ

တောင်းဆုချွေမည် ၁၂၀ ရှည်စေသော် ။

.............................................................................

မိုးဟိန်း

သဘောဖြူ မနောဖြူ မော်လမြိုင်သူ မဟုတ်မခံ စွာတေလန်ဗျ

သူ့မွေးနေ့လေး မှတ်လွယ်သား ခရစ်စမတ်နေ့တဲ့ ဗျား..

မွေးနေ့ ဆုတောင်း ကဗျာ လေးများ ရေးပို့ ကြ အောင်လား

မျက်နှာလေးက အလွန်ချို စိတ်က တော်တော် တို

သူနဲ့ခင်တာမကြာသေး လူကိုအမိန့်ပေး

ကျန်းမာရေးကိုဂရုစိုက် စာတွေသေချာလိုက်

နယ်သားမို့လို့ အခင်ဆုံး သူ့ တော်ကီကိုသုံး

ခင်မင်ရတဲ့ လိပ်ကလေးအတွက် ကဗျာ တွေကို ရေးဖွဲ့

မကြိုက်သေးဘူးပြန်ရေးဦး ရွေးမယ်အကြိုက်ဆုံး

ဒီကဗျာလေးပယ်ရင် ကွာ ကျွန်တော်သေပြီဆရာ

ညဘက်ညဘက် အိပ်ရေးပျက် ကဗျာတွေ ရေးလျက်

လိပ်ကလေးရဲ့မွေးနေ့ မှာပျော်ရွှင်ပါစေဗျာ..

စာတွေ ရေးတဲ့ လိပ်ကလေး အောင်မြင်ပါစေဟေး

မွေးနေ့ ရက်မြတ် မင်္ဂလာမှ နှစ်တစ်ရာတိုင်စေဗျ

အောင်မြင်မှုတွေ သရဖူဆောင်း လိပ် တွက်ဆုမွန်ကောင်း

ညီမလေး လို ခင်ရတဲ့ နယ်သူလေးရဲ့ မွေးနေ့ ကဗျာ ဒီမှာ ပြီးပြီဗျာ..

ဟား..ဟား.

................................................................................................................................

၂၅ ၇က်နေ့တွင်မွေးသောလိပ်ကလေးအတွက်.......(လူဆိုးလေး)

သူ လှန်လှောခဲ့တာက စာမျက်နှာ ၂၅

ဘဝရဲ့ခါးသီးမှုတွေပါနိုင်သလို

ချိုမြိန်တွေလည်း များပြားခဲ့

နိန္ဒံ ပသံသံ..ဆိုတဲ့

လောကဓတရားတွေကိုဘေးချိတ်

သူ..တိတ်တိတ်ကလေးနေပြခဲ့တယ်

ချာတိတ်အရွယ်မှစ၍ပေါ့ ။


မာန်မာနကင်းစင်ဖို့

သူက........

အားလုံးကိုလိုက်လျော

သဘောချိုချိုနဲ့

မနောတွေပျိုမြစ်ခဲ့တယ်

ပီတိတွဖုံးလွှမ်းလျက် ။


ငါ သွားခဲ့တာက ၂၅ မိုင်

အပြီးတိုင် ခရီးပေါက်ဖို့

ရှေ့ဆက်ရမယ့် ခရီးလမ်း

သတိနဲ့ သူခရီးဆက်

အတွေးတွေဘဝဂ်ညံခဲ့တယ်

ရဲရင်သူလေးရဲ့ပန်းတိုင်းလမ်း ။


မွေးနေ့မှသည် အသက်ရာကျော်ဆီသို့လျှောက်လှမ်းနိုင်ပါစေ.........

ဆုတောင်းရင်း...........

. .........................................................................................

ဂျစ်ပစီ မင်းမင်း

ဒီဇင်ဘာရဲ့ ပြစ်မှတ်နဲ့~~
မရေရာတဲ့လောကကြီးထဲ~~
ကဗျာတွေနဲ့ဖက်ပြီးးး
သူမ မွေးဖွားလာတယ်~~
လိမ်ညာရတာကို~~
ရိုက်ချိုးလို့~~
လူတစ်ယောက်အတွက်~~
အချစ်ကို~~နှင်းမိုးလို …………သူရွာတတ်တယ်~~
ညနက်နက်မှာ လွမ်းတဲ့်ဓါတ်နဲ့~~
ခက်ဟောင်းဟောင်းရဲ့~~
မှော်တုတ်တစ်ချောင်းအတွက်~~
မြတ်နိုးစွာ အလွမ်းစကားပန်းး~~
သူပန်စဉ်လိုက်တာ~~သမုဒယနဲ့~~
အပြစ်ကင်းတဲ့ ရိုးစင်းတဲ့ချစ်ခြင်းတွေပေါ့~~။
မြူနှင်းဝေတဲ့ဟေမာန်နဲ့~~
၂၅ရဲ့ ဒီဇင်ဘာမှာ
ကောင်းခြင်းတွေ ဖက်ပြီးးမွေးဖွားလာသူလေးရေ~~
ဘ၀ရဲ့ဝါကျတွေနဲ့ ရင်ဘက်ခြင်းနီးသူကို~~
ခိုင်းနှိုင်းလို့~~မွေးနေ့ဆုတောင်းတစ်ခု~~
ကဗျာပြုပြီး ပို့လိုက်တယ်~~
မွေးရက်ဖွားဖက်တော် ဟေမန်ဆောင်းနဲ့အတူ~~
ချစ်ခြင်းတွေ တူကြပါစေဗျာ~~။

..........................................................................

မင်းထက်သစ္စာ

မွေးနေ့ ဆုတောင်း

သုံးဆယ့်တစ်ဘုံ
လွတ်မြောက်ရေးသော့ အဖြစ်
မနုသတ္တကို မဟာဒုလ္လဘနဲ့ ရခဲ့သူ
မွေးနေ့ ရှင် လိပ်ကလေး..ရေ
လာခြင်းကောင်းခဲ့ရသလို
ပြန်ခြင်းကောင်းရဖို့ အရေး
နုနယ်မှုတွေချန်ခဲ့ပြီး
ဘဝခရီးကို ရှေ့ ဆက်
ရင့်ကျင့်မှုတွေ ရင်ခွင်ပိုက်ဖက်
အသက်ရှင်ခြင်း မြဲမြံ
ကိုယ်-စိတ်နှစ်တန်တို့ 
ကျန်းမာသန်စွမ်းခြင်းတွေနဲ့ 

ယခုမွေးနေ့မှသည် နှစ်ပေါင်း တစ်ရာ့နှစ်ဆယ်တိုင်

့ ရွှင်လန်းချမ်းမြေ့ကြပါစေ။ ။
၁၂-၁၈-၁၁

.............................................................................................

မေကို

ဖြူ လွှလွှနှင်းတွေကြားမှာ သူမ


လောကဓံကို ကြံ့ကြံ့ခံရင်း


အောင်မြင်မှုခြေလှမ်းတွေနဲ့


ရာသီစက်ဝန်း အထပ်ထပ် ချန်လှပ်ကာ


နွေးထွေးတဲ့ အပြုံးတစ်ပွင့်


လောကကို အလှဆင်ဖို့

အို………………………..


နှင်းတွေကြားက နှင်းဘုရင်မလေး


သဇင်တွေနဲ့အပြိုင် မွှေးပြန့်ဂုဏ်သတင်း


ပြန့်လွင့်စေကြောင်း ဆုတွေတောင်းရင်း


အာမာန်တွေတင်း အောင်လံလွှင့်၍


အမိမေတ္တာအေးရိပ်တာမှထာဝရအေးချမ်းလှပပါစေ ညီမငယ်.....

................................................................................................................

ဝေယံထက်

ငွေနှင်းမှုန် ဖြူလွှလွှ.....
လှပတဲ့ ဒီဇင်ဘာ......
ဒီရင်မှာ မေ့မရ
ခရစ်(စ်)မတ် ညလေးတစ်ည...
ရောင်စုံမီးပုံးလေးတွေကိုဆင်.....
ချိုလွင်လွင်တေးသံလေးတွေကြားမှာ.....
ပျော်ရွှင်စွာ ကျင်းပနေတဲ့....
သူငယ်ချင်းရဲ့ မွေးနေ့ညချမ်းမှာတော့.....
*စန်ဒါကလော့* ဘိုးဘိုးကြီး.....
ကောင်းချီးပေးပါစေကြောင်း....
ဆုတောင်းပေးရင်း......
သူငယ်ချင်း....လိပ်ကလေးရဲ့
ယခုမွေးနေ့ညချမ်းလေးမှသည်.....
နောင်နှစ်ပေါင်းများစွာမှာ.....
လိုရာဆန္ဒမှန်သမျှ....ပြည့်ဝပြီးသော်..
ထာဝရပျော်ရွှင်နိုင်ပါစေရန်အတွက်..
ဝေယံထက်...ကဆုတောင်းပေးလိုက်ပါတယ်.............



ဒဿ၈ီရိ

ဟုတ်ကဲ့..ဒီနေ့ ..ဒီဇင်ဘာ..၂၅..merry christmas...မှာ..

ထာဝရသူငယ်ချင်းမှကျွန်တော်တို့ ရဲ့ ချစ်ညီမလေး..လိပ်ကလေး၏..

မွေးနေဖြစ်ပါတယ်...ယနေ့ မှစပြီးနောင်..အဆုံးအစမရှိ့ တဲ့..

နှစ်စဉ်နှစ်တိုင်းရဲ့ ...ဒီဇင်ဘာ..၂၅..နေ့ တွေတွင်မွေးဖွားသော..

တစ်ကမ္ဘာလုံးမှာရှိ့ တဲ့လိပ်ကလေး၏ဖွားဖတ်တော်သူငယ်ချင်းတွေ

ဒီလိုမျိုးပျော်ရွှင်စွာကျင်းပတဲ့...မွေးနေ့ ပွဲလေးကို...ပေါ့ပေါ့ပါးပါး..

လွတ်လပ်စွာ...ပျော်ရွှင်စွာကျင်းပနှိုင်ပါစေလို့ ...ဒီနေ့ ..ဒီနေရာလေးကနေ..

ဆုတောင်းပေးလိုက်ပါတယ်....

::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::


ဒါက မွေးနေ့ပွဲပြိးရင်ပြန်ထွက်ကြမယ့်သူငယ်ချင်းတွေအတွက် အပြန်လက်ဆောင်

ပန်ကိတ်လှလှလေးတစ်လုံးစီပါနော် ကြိုက်နှစ်သက်ရာယူသွားနိုင်ပါသည်........:P


ထာဝရသူငယ်ချင်းများအားလုံးအတွက်ပျော်ရွှင်လှပတဲ့ ခရစ်စမတ်နဲ့ဟက်ပီးနယူးရီးယား

ဖြစ်ပါစေလို့ဆုတောင်းရင်းးးးးးးးး

0 comments:

Post a Comment