ဆောင်းလေ ဆောင်းပေါ့
ခေါင်းမော့ပြိးရောက်လာ..
မြူပ၀ါကိုတစ်လွှာချင်း ခါခါချ……
နှင်းများအကကို က တော့မယ်
စိုထိုင်းထိုင်းအငွေ့အသက်နဲ့ ဖားဥတွေစွန်းကွက်နေတဲ့
မိုးရက်တွေကုန်ဆုံးသွားတော့
တစ်တောလုံးဝေမယ့် ပန်းတွေက ဆောင်းရဲ့ပါးကို
နမ်းလိုက်ပြိလေ…….
`ဂန္တ၀င်တွင်တဲ့ဆောင်းရယ်တဲ့………
သူ့ရာသီ ဖော်ဖော်ဝါ၇ီ လရယ်မှ
ချစ်သူတွေ၇ဲ့ရင်ခုန်သံတွေ နှင်းနဲ့အပြိုင်ဝေ့၀ဲစီးချင်းထိုးလို့
ချစ်စရာ့ ဒီဇင်ဘာမှာ
လက်ဆောင်ဝေမယ့်ခရစ်စမတ်လေးလဲရှိပါသေး၇ဲ့
နှစ်ဟောင်းကို ၀တ်ရုံလှစ်ကာဆွဲခွာချ
ခွဲခွာရမယ့်သ္က၇ာဇ်ဟောင်းတွေအတွက် နှုတ်ဆက်……
လတ်ဆတ်ဖွယ်ဇန်န၀ါရီနဲ့
HAPPY NEW YEAR လဲရှိသတဲ့လေ…….
တို့ဘိုးဘွားတွေ အစဉ်လာမပြတ်ပါဘူး
စည်းလုံးခြင်း၇ဲ့ ပြယုဂ် ရိုးရာ ထမနဲ ထိုးပွဲကလဲဆောင်းပုံရိပ်တချို့ပေါ့
အဟောင်းတွေစွန့်လို့အသစ်ကြိုတဲ့ဆောင်း……
တိုင်းရင်းသားတွေ၇ဲ့ ပီတိကျက်သရေဆောင်း
ဘုရားကျောင်းကခ၇စ်စမတ်ခေါင်းလောင်းသံချိုလွင်လွင်ဝေတဲ့ ဆောင်း
နှစ်ဟောင်းစွန့်ပြိးဝတ်ရုံတစ်လွှာချွတ်တဲ့အပျိုစင်ဆောင်း…….
နှစ်တွေဘယ်လိုပြောင်းပြောင်း ဆောင်းရဲ့ပါးပြင်ကတော့
တော်ဝင်ပန်းအချို့ရဲ့ အနမ်းငွေ့ငွေ့နဲ့
မွှေးပျံ့ကြည်စင်နေပါရဲ့လေ………
0 comments:
Post a Comment