Home

Subscribe:
သင့်စည်းစိမ်နဲ့  မာန်မာနကို ခဝါချခဲ့မယ်ဆိုရင် ဒီအိမ်တံခါးကို အသာဟ-ပြီး ကွန်မန့် ပေးနှုတ်ဆက်နိုင်ပါသည်

Monday, February 6, 2012

သံယောဇဉ်ထောင့်ချိုးး......



အရင်အတိုင်းပါပဲ ကြွေသမျှနှင်းတွေမှာ

ငါ့အလွမ်းတွေသိပ်သိပ် သည်းသည်းပါလိမ့်မယ်

နင်ရှိမနေတဲ့ ဆောင်းရာသီဆိုတာ

ငါ့အတွက် ဆွေးနင့်နင့်၇ာသီ ပဲပေါ့

မနွေးထွေးရင်နေပါ......အဝေးမပြေးရင်ပဲ

ငါ.........ဖြေသာပါတယ်

အတိတ် ခါးခါး

အ၇ိပ် ခါးခါး

နာကျင်ခြင်းတွေခါးသက်သက်........

တအားဖက်တွယ်မိသမျှ မြတ်နိးခြင်းတွေအားလုံး

အကြိမ်ကြိမ် ဆုံးရှုံး၇ဖန်များလာတော့

ငါ့နှလုံးသား အခါခါဇာတ်နာခဲ့ဖူးပါရဲ့

ဒါတောင် အမှတ်မရှိတဲ့ငါ့နှလုံးသားက

နင့်ကို မက်မောတောင့်တနေမိသေး.......

နားလည်ပြီးသားပါလေ.......

မာယာတွေ ၇စ်သိုင်းထားတဲ့လောကဓံမှာ

ခံစားတတ်တဲ့ လူသားမှန်ရင်

ဘယ်သူမှ ဒဏ်ရာနဲ့မကင်းဖူးပါဘူး....

ဝေးရမယ်ဆိုတာသေချာရင်တောင်

နောက်ဆုံးမခွဲခင်အချိန်လေးအထိ နင့်လက်ကို

မြဲမြဲဆုပ်ကိုင်ထားချင်သေးတာ ငါ့ရူးသွပ်မှုတစ်ခုလား..........?

ပြိုင်မျဥ်းတွေဖြစ်၇တိုင်း ဆုံမှတ်မရှိ၇ဘူး

ဘယ်လိုပြောသလဲ....?

နင့်အတွက်သီးသန့် သံယောဇဉ်ထောင့်ချိုးလေးတစ်ခု

ငါ့မှာရှိတယ်.....အဲဒါဝှက်ဖဲတစ်ချပ်ပေါ့

ရှူးးးးးးတိုးတိုး....ဘယ်သူ့မှမပြောနဲ့

ငါတို့ကိုခွဲပစ်မယ့် ကံကြမ္မာကြီးကြားသွားလိမ့်မယ်.......

..........................

လိပ်ကလေး

၁၀ နာ၇ီ ၅၄ မိနစ်.....

၂ ဒီဇင်ဘာ ၂၀၁၁


ချစ်သူသက်တမ်း ၈ လပြည့် အမှတ်တ၇......

Thursday, January 12, 2012

ပန်းတွေနမ်းတဲ့ ဆောင်းရာသီ

ဆောင်းလေ ဆောင်းပေါ့

ခေါင်းမော့ပြိးရောက်လာ..

မြူပ၀ါကိုတစ်လွှာချင်း ခါခါချ……

နှင်းများအကကို က တော့မယ်

စိုထိုင်းထိုင်းအငွေ့အသက်နဲ့ ဖားဥတွေစွန်းကွက်နေတဲ့

မိုးရက်တွေကုန်ဆုံးသွားတော့

တစ်တောလုံးဝေမယ့် ပန်းတွေက ဆောင်းရဲ့ပါးကို

နမ်းလိုက်ပြိလေ…….

`ဂန္တ၀င်တွင်တဲ့ဆောင်းရယ်တဲ့………

သူ့ရာသီ ဖော်ဖော်ဝါ၇ီ လရယ်မှ

ချစ်သူတွေ၇ဲ့ရင်ခုန်သံတွေ နှင်းနဲ့အပြိုင်ဝေ့၀ဲစီးချင်းထိုးလို့

ချစ်စရာ့ ဒီဇင်ဘာမှာ

လက်ဆောင်ဝေမယ့်ခရစ်စမတ်လေးလဲရှိပါသေး၇ဲ့

နှစ်ဟောင်းကို ၀တ်ရုံလှစ်ကာဆွဲခွာချ

ခွဲခွာရမယ့်သ္က၇ာဇ်ဟောင်းတွေအတွက် နှုတ်ဆက်……

လတ်ဆတ်ဖွယ်ဇန်န၀ါရီနဲ့

HAPPY NEW YEAR လဲရှိသတဲ့လေ…….

တို့ဘိုးဘွားတွေ အစဉ်လာမပြတ်ပါဘူး

စည်းလုံးခြင်း၇ဲ့ ပြယုဂ် ရိုးရာ ထမနဲ ထိုးပွဲကလဲဆောင်းပုံရိပ်တချို့ပေါ့

အဟောင်းတွေစွန့်လို့အသစ်ကြိုတဲ့ဆောင်း……

တိုင်းရင်းသားတွေ၇ဲ့ ပီတိကျက်သရေဆောင်း

ဘုရားကျောင်းကခ၇စ်စမတ်ခေါင်းလောင်းသံချိုလွင်လွင်ဝေတဲ့ ဆောင်း

နှစ်ဟောင်းစွန့်ပြိးဝတ်ရုံတစ်လွှာချွတ်တဲ့အပျိုစင်ဆောင်း…….

နှစ်တွေဘယ်လိုပြောင်းပြောင်း ဆောင်းရဲ့ပါးပြင်ကတော့

တော်ဝင်ပန်းအချို့ရဲ့ အနမ်းငွေ့ငွေ့နဲ့

မွှေးပျံ့ကြည်စင်နေပါရဲ့လေ………

အလွမ်း၏ မြစ်ဖျားခံ၇ာဒေသသည်အချစ်ဖြစ်သည်။

တထိတ်ထိတ် ခုလှုပ်နေတဲ့

သွေးကြောတွေက ဘယ်ဘက်၇င်အုံကို

၇ိုက်ခတ်မိ၇င် လွမ်းတယ်........လွမ်းတယ် ဆိုတဲ့

အလေ့ကျ၇စ်သမ်တစ်ခုဖြစ်နေခဲ့တာကြာပါပြီ

နေပါစေလေ

ခါးသက်သက်အလွမ်းတွေကို

ခံနိုင်ရည်၇ှိဖို့

၇င့်ကျက်တဲ့နှလုံးသားတစ်ခု တော့လိုလိမ့်မယ်

ဘုရားသခင်.......

လူသားတွေကိုတကယ် ဂရုဏာသက်တော်မူု၇င်

အလွမ်းနဲ့ နာကျင်ခြင်းတွေကိုပါ

ပယ်ဖျောက်ပေးတော်မူပါ........

နင်နဲ့ငါ.....

ရင်ခုန်သံချင်းတူလို့ ဘ၀ချင်း

ကြိုးညှိကြမယ်ဆို၇င်တောင်

တို့နှစ်ယောက်ကြား ကံကြမ္မာဆိုတဲ့ နံ၇ံ

ခပ်ပါးပါးလေးခြားထားသေး၇ဲ့

လောကမှာ အချစ်တစ်ခုတည်းနဲ့တင် ပြီးပြည့်စုံမယ်ဆို၇င်

ချစ်သူတွေ၇ဲ့ မျက်၇ည်ဆိုတာ

ေ၇ွှထက်ရှားကုန်မှာပေါ့ ကွယ်.........

အလွမ်းရဲ့မြစ်ဖျားခံ၇ာ ဒေသကကအချစ်ဖြစ်ခဲ့မယ်ဆို၇င်

ဝေးကွာခြင်း ဂယက်တွေ နဲ့တိုးမတိုက်မိဖို့

သခင့် ရင်ခွင်မှာ ကမ်းကပ်ခွင့်ပြုပါ သခင်

ခုတော့........

နီးစပ်မှု မနီးစပ်ကအသာထား

ပစ္စုန်ပ္ပန်ရဲ့အလွမ်းတွေက ငါ့ရင်ကို

နဲနဲလေး ခါး...........တယ်။

လိပ်ကလေး

ည ၁ နာ၇ီ ၃၇ မိနစ်

၂၈ . ၁၀ . ၂၀၀၁၁

ခရစ်စမတ်မွေးနေ့ ရှင်အတွက် ဆုတောင်းခြင်း (လိပ်ကလေးမွေးနေ့ )

မြူနှင်းတွေမှုန် လူချင်းဆုံဖို့ 
ဝေးနေကြပေမယ့်………..
ရင်ထဲကဆောင်းရာသီမှာ

စိတ်ကူးယဉ်ရုံ
နှလုံးသားချင်း ထွေးပွေ့ ယင်းနဲ့ 
ချစ်သူမွေးနေ့ ရောက်တော့မှာလို့ 

တစ်ချိန်က......
မျှော်လင့်ခဲ့ဖူးတယ်။

ပြီးခဲ့သမျှ ဒီဇင်ဘာတွေထဲမှာ
ဘယ်လိုကျန်ခဲ့သလဲ မသိခဲ့ပေမယ့်
ဒီနှစ် ဒီဇင်ဘာကစပြီး မျှော်လင့်ချက်လှလှကလေးတွေနဲ့
ဒီရင်နှစ်လွှာ ကမ္ဘာတည်ဖို့ 

ကျွန်တော်ရည်ရွယ်မိပါပြီ...............
အပီအပြင်သာ ပြောလိုက်ရရင်
ချစ်သူမွေးနေ့ ဆိုတာ.......

ဆောင်းရာသီလေးလိုအေးချမ်းဖြူစင်တဲ့

ကျွန်တော့်ချစ်သူဆိုတာ ..........
လိပ်ကလေးပါ......:)

ဒီနေ့ ဒီရက် ဒီအချိန်ခါ
ဒီဇင်ဘာ ၂၅ မှာ
မွေးနေ့ ရှင်အား
တောင်းဆုမေတ္တာပို့ သရလျှင် -
ဖြစ်လေရာမှာ စိတ်ချမ်းသာ - ဗုဒ္ဓဘာသာ ဖြစ်ပါစေ။
မိခင် ၊ဖခင် ကျေးဇူးရှင်အား - ကျေးဇူးဆပ်ခွင့်ရပါစေ ။
ဗုဒ္ဓတရား နေ့ တိုင်းပွါး၍ - မဂ္ဂင်လမ်းသို့ ရောက်ပါစေ။
ကျေးဇူးပြုဖူး သူတထူးအား - ပြန်လည်ဆပ်ခွင့်ရပါစေ။
ချစ်ခင်+စုံဖက် ထိုနှစ်ချက် - ပြီးပြည့်စုံခြင်း ရှိပါစေ။


ကိုကို

ဒီပို့စ်လေးကိုလာရောက်ဖတ်ရှုအားပေးကြသောဖော်အဲဗားသူငယ်ချင်းများအပေါင်းတို့အတွက်မွေးနေ့ပွဲ

အကျွေးအမွေးလေးဧည့်ခံပါရစေနော်..........


ဘူဖေးစနစ်ပါဗျာ......ကြိုက်ရာ ယူစားပေါ့......




ဒါကယိုးဒယားပုဇွန်ချဉ်စပ်ပါ ဒါက အစိမ်းကြော်

နောက်တစ်မျိုးကမြန်မာအစားစာကြိုက်သူများအတွက်ပါမုန့်ဟင်းခါးနော်.လက်ဖက်သုတ်



နှစ်သက်ရာကော်ဖီခွက်ကိုယူနိုင်ပါတယ်ခင်ဗျာ....

ဒါကအအေးကြိုက်သူများအတွက်သစ်သီးဖျော်ရည်နဲ့ မုန့်တွေပေါ့

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ.....

............................................................................................

မောင်နိုင်

ရေစက်ဘဲလား ညီမလေးရေ

နှင်းမှုံမြူကြား သူကားဖွားမြင်

ဘုရားသခင် ရဲ့ သမီးလေးပင်လား

ရင်မှာချမ်းမြေ့ ခင်မင်ငွေ့ ဝေ

တွေ့ လဲ မတွေ့  ကြားလဲမကြား

ဒါပေမဲ့ တသားထဲလိုပါဘဲလေ

မင်းကိုတအားခင်နေပါသည်

စိတ်ဆိုတာနယူတန်နိယာမသုံးလို

တန်ပြန်ပြုံးပြ နေတဲ့ လိပ်ကလေးရေ

အတိတ်ဝေးဆီက တော်ခဲ့ ဘူးလား

မျှော်ရည်လွမ်းဝေ့  မင်းမွေးနေ့ မှာ

ချစ်သူနဲ့ တွဲ ပျော်၇ွှင်နွဲစေ

တောင်းဆုချွေမည် ၁၂၀ ရှည်စေသော် ။

.............................................................................

မိုးဟိန်း

သဘောဖြူ မနောဖြူ မော်လမြိုင်သူ မဟုတ်မခံ စွာတေလန်ဗျ

သူ့မွေးနေ့လေး မှတ်လွယ်သား ခရစ်စမတ်နေ့တဲ့ ဗျား..

မွေးနေ့ ဆုတောင်း ကဗျာ လေးများ ရေးပို့ ကြ အောင်လား

မျက်နှာလေးက အလွန်ချို စိတ်က တော်တော် တို

သူနဲ့ခင်တာမကြာသေး လူကိုအမိန့်ပေး

ကျန်းမာရေးကိုဂရုစိုက် စာတွေသေချာလိုက်

နယ်သားမို့လို့ အခင်ဆုံး သူ့ တော်ကီကိုသုံး

ခင်မင်ရတဲ့ လိပ်ကလေးအတွက် ကဗျာ တွေကို ရေးဖွဲ့

မကြိုက်သေးဘူးပြန်ရေးဦး ရွေးမယ်အကြိုက်ဆုံး

ဒီကဗျာလေးပယ်ရင် ကွာ ကျွန်တော်သေပြီဆရာ

ညဘက်ညဘက် အိပ်ရေးပျက် ကဗျာတွေ ရေးလျက်

လိပ်ကလေးရဲ့မွေးနေ့ မှာပျော်ရွှင်ပါစေဗျာ..

စာတွေ ရေးတဲ့ လိပ်ကလေး အောင်မြင်ပါစေဟေး

မွေးနေ့ ရက်မြတ် မင်္ဂလာမှ နှစ်တစ်ရာတိုင်စေဗျ

အောင်မြင်မှုတွေ သရဖူဆောင်း လိပ် တွက်ဆုမွန်ကောင်း

ညီမလေး လို ခင်ရတဲ့ နယ်သူလေးရဲ့ မွေးနေ့ ကဗျာ ဒီမှာ ပြီးပြီဗျာ..

ဟား..ဟား.

................................................................................................................................

၂၅ ၇က်နေ့တွင်မွေးသောလိပ်ကလေးအတွက်.......(လူဆိုးလေး)

သူ လှန်လှောခဲ့တာက စာမျက်နှာ ၂၅

ဘဝရဲ့ခါးသီးမှုတွေပါနိုင်သလို

ချိုမြိန်တွေလည်း များပြားခဲ့

နိန္ဒံ ပသံသံ..ဆိုတဲ့

လောကဓတရားတွေကိုဘေးချိတ်

သူ..တိတ်တိတ်ကလေးနေပြခဲ့တယ်

ချာတိတ်အရွယ်မှစ၍ပေါ့ ။


မာန်မာနကင်းစင်ဖို့

သူက........

အားလုံးကိုလိုက်လျော

သဘောချိုချိုနဲ့

မနောတွေပျိုမြစ်ခဲ့တယ်

ပီတိတွဖုံးလွှမ်းလျက် ။


ငါ သွားခဲ့တာက ၂၅ မိုင်

အပြီးတိုင် ခရီးပေါက်ဖို့

ရှေ့ဆက်ရမယ့် ခရီးလမ်း

သတိနဲ့ သူခရီးဆက်

အတွေးတွေဘဝဂ်ညံခဲ့တယ်

ရဲရင်သူလေးရဲ့ပန်းတိုင်းလမ်း ။


မွေးနေ့မှသည် အသက်ရာကျော်ဆီသို့လျှောက်လှမ်းနိုင်ပါစေ.........

ဆုတောင်းရင်း...........

. .........................................................................................

ဂျစ်ပစီ မင်းမင်း

ဒီဇင်ဘာရဲ့ ပြစ်မှတ်နဲ့~~
မရေရာတဲ့လောကကြီးထဲ~~
ကဗျာတွေနဲ့ဖက်ပြီးးး
သူမ မွေးဖွားလာတယ်~~
လိမ်ညာရတာကို~~
ရိုက်ချိုးလို့~~
လူတစ်ယောက်အတွက်~~
အချစ်ကို~~နှင်းမိုးလို …………သူရွာတတ်တယ်~~
ညနက်နက်မှာ လွမ်းတဲ့်ဓါတ်နဲ့~~
ခက်ဟောင်းဟောင်းရဲ့~~
မှော်တုတ်တစ်ချောင်းအတွက်~~
မြတ်နိုးစွာ အလွမ်းစကားပန်းး~~
သူပန်စဉ်လိုက်တာ~~သမုဒယနဲ့~~
အပြစ်ကင်းတဲ့ ရိုးစင်းတဲ့ချစ်ခြင်းတွေပေါ့~~။
မြူနှင်းဝေတဲ့ဟေမာန်နဲ့~~
၂၅ရဲ့ ဒီဇင်ဘာမှာ
ကောင်းခြင်းတွေ ဖက်ပြီးးမွေးဖွားလာသူလေးရေ~~
ဘ၀ရဲ့ဝါကျတွေနဲ့ ရင်ဘက်ခြင်းနီးသူကို~~
ခိုင်းနှိုင်းလို့~~မွေးနေ့ဆုတောင်းတစ်ခု~~
ကဗျာပြုပြီး ပို့လိုက်တယ်~~
မွေးရက်ဖွားဖက်တော် ဟေမန်ဆောင်းနဲ့အတူ~~
ချစ်ခြင်းတွေ တူကြပါစေဗျာ~~။

..........................................................................

မင်းထက်သစ္စာ

မွေးနေ့ ဆုတောင်း

သုံးဆယ့်တစ်ဘုံ
လွတ်မြောက်ရေးသော့ အဖြစ်
မနုသတ္တကို မဟာဒုလ္လဘနဲ့ ရခဲ့သူ
မွေးနေ့ ရှင် လိပ်ကလေး..ရေ
လာခြင်းကောင်းခဲ့ရသလို
ပြန်ခြင်းကောင်းရဖို့ အရေး
နုနယ်မှုတွေချန်ခဲ့ပြီး
ဘဝခရီးကို ရှေ့ ဆက်
ရင့်ကျင့်မှုတွေ ရင်ခွင်ပိုက်ဖက်
အသက်ရှင်ခြင်း မြဲမြံ
ကိုယ်-စိတ်နှစ်တန်တို့ 
ကျန်းမာသန်စွမ်းခြင်းတွေနဲ့ 

ယခုမွေးနေ့မှသည် နှစ်ပေါင်း တစ်ရာ့နှစ်ဆယ်တိုင်

့ ရွှင်လန်းချမ်းမြေ့ကြပါစေ။ ။
၁၂-၁၈-၁၁

.............................................................................................

မေကို

ဖြူ လွှလွှနှင်းတွေကြားမှာ သူမ


လောကဓံကို ကြံ့ကြံ့ခံရင်း


အောင်မြင်မှုခြေလှမ်းတွေနဲ့


ရာသီစက်ဝန်း အထပ်ထပ် ချန်လှပ်ကာ


နွေးထွေးတဲ့ အပြုံးတစ်ပွင့်


လောကကို အလှဆင်ဖို့

အို………………………..


နှင်းတွေကြားက နှင်းဘုရင်မလေး


သဇင်တွေနဲ့အပြိုင် မွှေးပြန့်ဂုဏ်သတင်း


ပြန့်လွင့်စေကြောင်း ဆုတွေတောင်းရင်း


အာမာန်တွေတင်း အောင်လံလွှင့်၍


အမိမေတ္တာအေးရိပ်တာမှထာဝရအေးချမ်းလှပပါစေ ညီမငယ်.....

................................................................................................................

ဝေယံထက်

ငွေနှင်းမှုန် ဖြူလွှလွှ.....
လှပတဲ့ ဒီဇင်ဘာ......
ဒီရင်မှာ မေ့မရ
ခရစ်(စ်)မတ် ညလေးတစ်ည...
ရောင်စုံမီးပုံးလေးတွေကိုဆင်.....
ချိုလွင်လွင်တေးသံလေးတွေကြားမှာ.....
ပျော်ရွှင်စွာ ကျင်းပနေတဲ့....
သူငယ်ချင်းရဲ့ မွေးနေ့ညချမ်းမှာတော့.....
*စန်ဒါကလော့* ဘိုးဘိုးကြီး.....
ကောင်းချီးပေးပါစေကြောင်း....
ဆုတောင်းပေးရင်း......
သူငယ်ချင်း....လိပ်ကလေးရဲ့
ယခုမွေးနေ့ညချမ်းလေးမှသည်.....
နောင်နှစ်ပေါင်းများစွာမှာ.....
လိုရာဆန္ဒမှန်သမျှ....ပြည့်ဝပြီးသော်..
ထာဝရပျော်ရွှင်နိုင်ပါစေရန်အတွက်..
ဝေယံထက်...ကဆုတောင်းပေးလိုက်ပါတယ်.............



ဒဿ၈ီရိ

ဟုတ်ကဲ့..ဒီနေ့ ..ဒီဇင်ဘာ..၂၅..merry christmas...မှာ..

ထာဝရသူငယ်ချင်းမှကျွန်တော်တို့ ရဲ့ ချစ်ညီမလေး..လိပ်ကလေး၏..

မွေးနေဖြစ်ပါတယ်...ယနေ့ မှစပြီးနောင်..အဆုံးအစမရှိ့ တဲ့..

နှစ်စဉ်နှစ်တိုင်းရဲ့ ...ဒီဇင်ဘာ..၂၅..နေ့ တွေတွင်မွေးဖွားသော..

တစ်ကမ္ဘာလုံးမှာရှိ့ တဲ့လိပ်ကလေး၏ဖွားဖတ်တော်သူငယ်ချင်းတွေ

ဒီလိုမျိုးပျော်ရွှင်စွာကျင်းပတဲ့...မွေးနေ့ ပွဲလေးကို...ပေါ့ပေါ့ပါးပါး..

လွတ်လပ်စွာ...ပျော်ရွှင်စွာကျင်းပနှိုင်ပါစေလို့ ...ဒီနေ့ ..ဒီနေရာလေးကနေ..

ဆုတောင်းပေးလိုက်ပါတယ်....

::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::


ဒါက မွေးနေ့ပွဲပြိးရင်ပြန်ထွက်ကြမယ့်သူငယ်ချင်းတွေအတွက် အပြန်လက်ဆောင်

ပန်ကိတ်လှလှလေးတစ်လုံးစီပါနော် ကြိုက်နှစ်သက်ရာယူသွားနိုင်ပါသည်........:P


ထာဝရသူငယ်ချင်းများအားလုံးအတွက်ပျော်ရွှင်လှပတဲ့ ခရစ်စမတ်နဲ့ဟက်ပီးနယူးရီးယား

ဖြစ်ပါစေလို့ဆုတောင်းရင်းးးးးးးးး

လိပ်ကလေး ချစ်သူမွေးနေ့ (ချစ်သော Virgo )

ချစ်သော Virgo (ကန်၇ာသီ)

မိုးဥတုတချို့

ခပ် ယို့ယို့ ဆုတ်ခွာစ

တင့်တယ်လှတဲ့ ဆောင်းအသော့

မြောက်ပြန်လေ မခို့တ၇ို့ နဲ့ သွေး

ဘ၀င်အေးခါစ အေးမြမြအချိန်

စက်တင်ဘာ၇ဲ့ ခြေလှမ်း

မျှော်ယောင်မှန်းမိကြ

ဝါကျွတ်ချိန် အညီ......

သြော်

ချစ်သူမွေးနေ့ေ၇ာက်လေပြီ

မွေးနေ့မှ နှစ်တစ်၇ာတိုင်

ပြိးပြည့်စုံတဲ့ အောင်မြင်မှုတွေပွေ့ပိုက်လို့

ပန်းတွေခင်းတဲ့ဘ၀လမ်း

ပျော်၇ွှင်မှုတွေနဲ့လျှောက်လှမ်းနိင်ပါစေလို့

ညီမလေး ဆုတောင်းလိုက်ပါတယ်.....

ကိုကိုေ၇...........

ဒီပို့စ်ကို အားပေးကြသော ချစ်သူငယ်ချင်းတို့အတွက်

အကျွေးမွေးလေးပါထည့်ပေးထားပါတယ်၇ှင်.........

ထိုင်းအစားစာ ဘူဖေးပါ၇ှင်


ယိုးဒယား ပုဇွန်ချဉ်စပ်


အသားကင်ေ၇ာ ထမင်းကြော်ေ၇ အစုံပါတယ်နော်.......


စားပြီး၇င်ကြိုက်နှစ်သက်၇ာအချိုတည်းနိုင်ပါသည်...... :P

ဖျော်၇ည်မကြိုက်၇င် ကော်ဖီသောက်ပေါ့နော်..


အားလုံးပျော်၇ွှင်ပါစေ၇ှင်..........

ကောင်းကင်ကကြယ်တစ်စင်း ကျွန်မရဲ့ချစ်ခြင်းတွေပေါ့ ကိုကို၇ယ်...........

ညတော့ ညပါပဲ

ဒါပေမဲ့ ....လခြမ်းကွေးကွေးကငါ့ကို

ခပ်ယဲ့ယဲ့လေးပြုံးပြနေတဲ့ ည

သြော......

လောကမှာ ပြိးပြည့်စုံမှုဆိုတာ

ထာဝရဘယ်၇ှိနေနိုင်ပါ့မလဲလေ....

ကံကြမ္မာဆိုတဲ့ ငနဲကိုယ်တိုင်ကိုက

မီးစ တဘက် ရေမှုတ်တဘက်ကို အသင့်ကိုင်ထားမှတော့

နင့်နဲ့ပတ်သတ်တဲ့ အဆုံးစွန်း မျှော်လင့်ခြင်းဆိုတာ

ငါ့အတွက် ရေပေါ်အ၇ုပ်ေ၇းသလိုပါပဲလေ........

ညကောင်းကင် နင့်ရင်ခွင်မှာ ငါလတစ်စင်းလို

မတောက်ပနိုင်ပေမဲ့ ကြယ်တစင်းလိုတော့

လင်းလက်နေခွင့်ရချင်နေသေးတယ်

ကြည့်စမ်းပါဥိးလေ........

ါ့ချစ်ခြင်းတွေကို ကောင်းကင်ပေါ်ကျဲပက်ထားလိုက်တာ

ညနက်နက်အချိန်တွေတိုင်း အလင်းငွေ့ငွေ့နဲ့

နင့်ရင်ခွင်ကိုထွေးပွေ့ဆော့မြူ ချင်လို့လေ......

မပိုင်ဆိုင်နိုင်ရင်နေ လတစ်စင်းလိုယစ်မူးလင်းလက်ခွင့်မရှိ၇င်ရင်နေ

နင့်အတွက်အမြဲလင်းမယ့် ကြယ်လေးတွေပါလေ

မတော်တဆ နာကျင်မှုတွေကြုံလာတိုင်း ကောင်းကင်ကိုသာ

နင်မော့ငေ့းကြည့်.......

ငါ့ချစ်ခြင်းကြယ်စင်တွေကနင့်ရင်ခွင်ကို

တစင်းပြိးတစင်း ကြွေကျဖို့အသင့်ရှိနေလိမ့်မယ်...

နင့်ရဲ့ နောက်ဆုံးးးးးးးးးးး

ထွက်သက်ယဲ့ယဲ့လေးမှာသာ....

ကျွန်မ့ကိုသဲ့သဲ့ကလေးသတိရလိုက်စမ်းပါ

ဘယ်တော့မှမမှိန်ဖျော့မယ့်လင်းလက်ခြင်းမျိုးနဲ့ ကြယ်တစ်စင်းက

နင့်ရင်ခွင်ကို ခုန်ဆင်းလာခဲ့လိမ့်မယ်.........

လိပ်ကလေး

ည ၁၁ နာ၇ီ ၂၅ မိနစ်

၁၂ နိုဝင်ဘာ ၂၀၁၁

မှော်ဆရာနဲ့ တွေ့ဆုံခြင်း

သွားစမ်းပါ ကံကြမ္မာဆိုတဲ့ မှော်ဆ၇ာ

ကျွန်မ နှလုံးသားကိုလာ ဆော့မကစားပါနဲ့

ခပ်ညံ့ညံ့ နှလုံးသားတစ်စုံက

ရှင်ဆေးကြိုတဲ့နေရာမှာ သုံးဖို့

ထိုက်တန်မှုမရှိဘူး

သြော်............သစ္စာတရားတဲ့လား

သူသူငါငါ ပါးစပ်ဖျားလေးတင်

အသုံးများကြကုန်လို့

ဘာမှတန်ဖိုးမရှိရှာတော့ဘူး

ငါကတော်မ၀င်ချင်ပါဘူး...........

ခရမ်းပြာတေလေပန်းတစ်ပွင့်လိုပဲမျောချင်ရာမျောနေချင်တာပါ

နောက်ဆုံးဆိုက်ကပ်မယ့်ကမ်းပါးတစ်ခုက

ချစ်သူရင်ခွင်ဖြစ်နေ၇င်လုံလောက်ပါပြီ

တန်ရာတန်ကြေးတွေအတွက်

နှလုံးသားတွေကို ပုံအော ထိုးကြ

ဘေးကပ၇ိတ်သတ်ဖြစ်တဲ့ငါ........

နင်တို့တွေအစား ၇င်........နာ ....တယ်

တချို့ကအချစ်အတွက် ဘ၀ကိုပုံအောတယ်

တချို့က သာယာမှုတစ်ခုအတွက် ငွေတွေပုံအောတယ်

တချို့က ငွေကြေးအတွက် သစ္စာတ၇ားတွေပုံအောတယ်

ကုန်စည်ကုန်လှယ် စနစ်နဲ့

အချစ်ပဒေသ၇ာဇ် ခေတ်ကိုအစပြုခြေလှမ်းနေကြပြီ

ကဲ...........အသင်ဘာပိုင်ဆိုင်ချင်ပါသလဲမိတ်ဆွေ

သင်လိုချင်သလောက် ဈေးကွက်မှာလုံလုံလောက်လောက်ရှိပါတယ်

ဖြူစင်တဲ့နှလုံးသားတစ်ခုပါတယ်လား..?

အဲဒါတွေက ဒီမှာအသုံးမ၀င်ပါဘူး

သစ္စာတ၇ားပါတယ်လား..?

တန်၇ာတန်ကြေးအတွက် ဈေးကွက်တွေသင့်ကိုစောင့်နေတယ်

ငါက၇ိုးသားမှု နဲ့သစ္စာတရားကိုတန်ဖိုးထားတယ်လို့.....

အော်ကြိးဟစ်ကျယ်အော်မနေနဲ့နော်..........

သင့်ကို လူတွေက ၀ိုင်းပြိးအ၇ူးတစ်ယောက်လို

ကြည့်ကြလိမ့်မယ်.......

....."

"......၀ုန်း " ကနဲ့အသံကြားတော့လှည့်ကြည့်မိတော့

မှော်ဆ၇ာ သွေးစက်စက်ကျနေတဲ့နှလုံးသားတစ်ခုကို

ဆုပ်ကိုင် ပေါ်ထွက်လာတယ်

အလန့်တကြားကျွန်မ ၇င်ကိုငုံ့ကြည့်မိ.....

ကျွန်မနှလုံးသားကို ထိုးဖောက်ယူခံ၇တာပဲ......

လှောင်ပြောင် ၇ယ်မော တသောသောအသံတွေ

၇ိသဲ့သဲ့ စကားလုံးအချို့တွေ.....

ခပ်ထေ့ထေ့ ဆေးဆိုးပန်း၇ိုက် မျက်နှာဖုံးတွေအောက်မှာ

ခပ်ယဲ့ယဲ့လေး..ကျွန်မပြုံးမိ၇ဲ့......

အဲဒီအချိန် မှော်ဆ၇ာလက်ထဲကကျွန်မနှလုံးသားက

ခ၇မ်းပြာေ၇ာင်တေလေပန်းတပွင့်အဖြစ်ပြောင်းလဲနေခဲ့ပြီ....

သူ......အထိတ်တလန့်နဲ့ ကျွန်မကိုမေးတယ်

"နင့်နှလုံးသားဘယ်မှာလဲ "...................တဲ့

သူ့နား၇ွက်နားကိုကပ်ပြီး ကျွန်မတိုးတိုးလေးပြောလိုက်တယ်

"ကျွန်မချစ်သူဆီမှာလေ.........."

အဲဒီအချိန် ပွဲတော်တစ်ခုလုံး လှောင်ပြုံးတွေတိတ်ဆိတ်

၇ယ်သံတွေ ဆိတ်သုန်း...

မှော်ဆ၇ာလဲ အဲဒီနေ၇ာမှာတင်

လဲ......ကျ..............သေ..........ဆုံးသွားတော့လေ၇ဲ့........

လိပ်ကလေး

၂ နာ၇ီ ၃၂ မိနစ် A. M

၅ . ၁၀ . ၂၀၁၁