Home

Subscribe:
သင့်စည်းစိမ်နဲ့  မာန်မာနကို ခဝါချခဲ့မယ်ဆိုရင် ဒီအိမ်တံခါးကို အသာဟ-ပြီး ကွန်မန့် ပေးနှုတ်ဆက်နိုင်ပါသည်

Thursday, January 12, 2012

သတိ ! အချစ်နဲ့ သစ္စာတရားမှတပါး ဖြတ်သန်းသွားလာခွင့်မရှိ ...၂၁ ရာစု ဈေးကွက်မှာ အချစ်ကို ပုံ...အော ရောင်းချ ပကာသနတွေကို

၂၁ ရာစု ဈေးကွက်မှာ

အချစ်ကို ပုံ...အော ရောင်းချ

ပကာသနတွေကို အလိုက်ပေးလိုပေး

ဂုဏ်ဒြပ်တွေ ပိုပိုသာသာ ထည့်လိုထည့်

အသိုင်းဝိုင်းကောင်း

ဆွေကြီး မျိုးကြီး ဆိုတာတွေကို

သကာလိုလောင်း ၊

ရုပ်ရည်တင့်တယ်မှုတွေကို

အဆစ် တောင်းလိုတောင်း

ဈေးဖျက်ပြီး ချရောင်းတဲ့အချစ်

အနှစ်မရှိတဲ့ အကာလို ပေါ့ပျက်

ငါ.....မမက်နေတာ သေချာတယ် ၊

သေချာမှာပါ ချစ်သူရယ်

မဝေးတဲ့ တနေရာမှာ

တိတ်ဆိတ်ငြိမ်သက်တဲ့ လွင်ပြင်တခုတော့ ရှိနေလိမ့်မယ်၊

အရမ်းအေးတဲ့ အခါ

ငါ့အတွက်... နင့်ရင်ခွင်ကျယ် တခုနဲ့ တင်လုံလောက်တယ် ၊

ကောင်းကင်ကို ငါးရိုးစူးစေမယ့်

သိန်းချီတန် ဖျော်ဖြေမှုတွေ လွင့်လွင့်မားမား မရှိဘူး၊

ကြီးကျယ် ခမ်းနားတဲ့ မင်္ဂလာခန်းမဆောင်ဆိုတာ

မလိုအပ်ဘူး။

မြေပေါ်မှာ တည့်မတ်စွာရပ်လို့ 

ကောင်းကင်တခုထဲအောက် အတူနေပြီး

နင်ပေးတဲ့ အနမ်းတစ်ပွင့်က

ငါတို့ ကို ... ဘိသိတ်ဆရာလုပ်ပေးလိမ့်မယ်။

သဘာဝပန်းပွင့်တွေ လယ်ကွင်းတွေ

သစ်ပင်တွေက ကောင်းချီးပေးလိမ့်မယ်။

ငါ့ကို နင်ပိုင်ဆိုင်တယ်

ငါပိုင်ဆိုတာ နင်ပဲရှိတယ်

ငါတို့ ရင်မှာ

ရိုးသားမှုနဲ့ ချစ်ခြင်းတွေရှိမယ် ။

နွေးထွေးမှုနဲ့ နားလည်မှုတွေ ရှိမယ်။

တန်ဖိုးကြီးတဲ့ နာရီနိုးစက်မလိုဘူး

မနက်ခင်း ငှက်ကလေးတွေက

ငါ့ကို နိုးကြလိမ့်မယ်။

ငါ့အနမ်း ဖွဖွနဲ့  နင့်ကို နိုးလိမ့်မယ်။

အဲ..... တခုတော့ရှိတယ်

ငါတို့ ခြံဝင်းလေးရှေ့ မှာ ဆိုင်းဘုတ်တစ်ခုတော့ ထောင်ထားကြမယ်။

သတိ !!!!! အချစ်နဲ့ သစ္စာတရားမှတပါး ဖြတ်သန်းသွားလာခွင့်မရှိ...

::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

လိပ်ကလေး

ည ၁ နာ၇ီ ၄၅

၁၄ စက်တင်ဘာ ၂၀၁၁


0 comments:

Post a Comment